နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲများ ယနေ့ပြုလုပ်မည်

နှစ်ပေါင်း ၆ဝ ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲများကို ဒီဇင်ဘာ ၂၇ ရက် (ယနေ့) ပြုလုပ် မည်ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲများတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်၊ ခရိုင်စည်ပင်သာယာရေး ကော်မတီအဆင့်နှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီအဆင့်ဟူ၍ သုံးမျိုးရွေးချယ် တင်မြှောက်မည်ဖြစ်သည်။ ခရိုင်စည်ပင်သာယာရေး ကော်မတီအဆင့်တွင် ရပ်မိရပ်ဖ (ဥက္ကဋ္ဌ)၊ အတတ်ပညာရှင်/အသိပညာရှင်၊ လူမှုရေး ပညာရှင်ဟူ၍ သုံးမျိုးခွဲထားပြီး မြို့နယ်စည်ပင်သာယာရေး ကော်မတီ အဆင့်တွင်လည်း အလားတူ သုံးမျိုးခွဲခြားထားသည်။

အမျိုးသားထောက်လှမ်းရေးအဖွဲ့ အသစ်ပြန်ဖွဲ့ခြင်း လုံးဝမရှိသည့်နည်းတူ ၎င်းနှင့်ဆင်တူသော အဖွဲ့အစည်းလည်း မရှိကြောင်း နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိ ပြောကြား

အမျိုးသားထောက်လှမ်းရေး(NIB) အဖွဲ့ အသစ်ပြန်ဖွဲ့ခြင်း လုံးဝမရှိသည့်နည်းတူ ၎င်းနှင့်ဆင်တူသော အဖွဲ့အစည်းလည်း မရှိကြောင်း နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိက ဒီဇင်ဘာ ၂၆ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။

ယခုရက်ပိုင်းများအတွင်း အမျိုးသားထောက်လှမ်းရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းထားကြောင်းနှင့် အမျိုးသားထောက်လှမ်းရေးကဲ့သို့ ထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခု ဖွဲ့ စည်းရန်စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး ယင်းသတင်းများအပေါ် အခြေခံ၍ The Daily Eleven က မေးမြန်းခဲ့ရာ ၎င်းကမဟုတ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

အရည်အချင်းပြည့်ဝသည့် ပြည်သူများဖြစ်လာပါက အစိုးရကို ထိန်းနိုင်သည့် သဘောရှိသောကြောင့် တိုင်းပြည်ကံကြမ္မာကို ဦးဆောင်ပုံသွင်းနိုင်သည့် ပြည်သူများဖြစ်ရန်လိုဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အရည်အချင်း ပြည့်ဝသည့် ပြည်သူများ ဖြစ်လာပါက အစိုးရကို ထိန်းနိုင်သည့် သဘောရှိသောကြောင့် တိုင်းပြည်ကံကြမ္မာကို ဦးဆောင်ပုံသွင်းနိုင်သည့် ပြည်သူများ ဖြစ်လာရန် လိုအပ်သည်ဟု ဒီဇင်ဘာ ၂၆ ရက်က ကော့မှူးမြို့တွင် ပြုလုပ်သည့် ကော့မှူးမြို့တည် နှစ် (၅ဝ) ပြည့် ရွှေရတုအထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သူရဦးရွှေမန်း တက်ရောက်သော စစ်ကိုင်းတိုင်းဒေသကြီး တောင်သူရေးရာ တွေ့ဆုံပွဲတွင် ခရိုင်အသီးသီးမှ စိုက်ပျိုးရေး ကပ်ဆိုက်နေမှုများကို တင်ပြခဲ့သော်လည်း ကန့်ဘလူတပ်သိမ်းမြေပြဿနာ တင်ပြရန် ငြင်းပယ်ခံခဲ့ရ

ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွှေမန်းတက်ရောက်သော စစ်ကိုင်းတိုင်းဒေသကြီး တောင်သူလယ်သမားရေးရာ တွေ့ဆုံပွဲတွင် ဒေသတွင်းခရိုင် ရှစ်ခုလုံး၌ စိုက်ပျိုးရေး ကပ်ဆိုက်နေမှုတို့ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များက တင်ပြခဲ့ကြသော်လည်း ကန့်ဘလူတပ်သိမ်းမြေ ပြဿနာနှင့် မြေသိမ်းခံလယ်သမားများ၏ အရေးအတွက် တင်ပြရန် စီစဉ်မှုမှာ အချိန်နောက်ကျခြင်းကြောင့် ငြင်းပယ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို အစိုးရအနေဖြင့် စတင်တော့မည် မဟုတ်ဟု ရန်ကုန်မြို့တော်ဝန် ပြောကြား

ရန်ကုန်မြို့သစ်စီမံကိန်းကို အစိုးရအနေဖြင့် အကောင်အထည်ဖော်တော့မည် မဟုတ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဒီဇင်ဘာ ၂၄ ရက်က ပြောကြားသည်။             

Pages

Subscribe to Eleven Media Group RSS