မန္တလေး နှင့် နယ်သတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


မန္တလေးမြို့ဝန်းကျင်သည် ငလျင်ပြင်းထန်ဇုန်အတွင်း ကျရောက်နေသဖြင့် ငလျင်ဘေးအန္တရာယ် ခံရနိုင်ခြေပြ မြေပုံရေးဆွဲရာတွင် မန္တလေးမြို့ကို ဦးစားပေးရန်စီစဉ် PDF Print E-mail

 မန္တလေး-အမရပူရဒေသ၏ ငလျင်ဇုန်ပြမြေပုံ                                                                Ref:Hazard Profile of Myanmar

   မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ငလျင်ဖြစ်စဉ်များအရ မန္တလေးမြို့ဝန်းကျင်ဒေသသည် ငလျင်ပြင်းထန်ဇုန်အတွင်း ကျရောက်နေသဖြင့် ငလျင်ဘေးအန္တရာယ် ခံရနိုင်ခြေပြမြေပုံရေး ဆွဲရာတွင် မန္တလေးမြို့ကို ဦးစားပေး ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

 
    မန္တလေးမြို့ ၀န်းကျင်ဒေသများသည် စစ်ကိုင်းပြတ်ရွေ့ကြော၏ တည့်တည့်တွင် တည်ရှိနေသောကြောင့် အခြားမြို့ဒေသများထက် ငလျင်ဒဏ်သက်ရောက်မှု ပိုမိုခံရနိုင်ဖွယ်ရှိကြောင်း၊ ထို့ပြင်တစ်နိုင်ငံလုံး အတိုင်း အတာအနေဖြင့် အယ်လ်ပိုင်း-ဟိမ၀န္တာမြေငလျင်ကြောပေါ်၌ တည်ရှိနေပြီး ဘူမိအနေအထားတွင်လည်း စစ်ကိုင်းပြတ်ရွေ့တွင် ကျောရိုးသဖွယ် ဖြစ်နေသည့်အတွက် မြေငလျင်ဘေး အန္တရာယ်ရှိနေသော ဒေသဖြစ်ကြောင်း လည်းသိရှိရသည်။


    ထို့ပြင် ၂၀၀၅ ခုနှစ်တွင် ပြင်ဆင်ရေးဆွဲထားသော မြန်မာနိုင်ငံ ငလျင်ဇုန်များပြ မြေပုံအရ မြန်မာနိုင်ငံအတွင်း လှုပ်နိုင်သောမြေငလျင်အင်အားအလိုက် ဇုန်များခွဲခြားဖော်ပြထားရာ မန္တလေးမြို့ဝန်းကျင်သည် အင် အားပြင်းထန်ဇုန်အတွင်း ကျရောက်နေကြောင်းလည်း သိရှိရသည်။


    မြန်မာနိုင်ငံ မြေငလျင်ကော်မတီနှင့် ADPC တို့မှ မြန်မာနိုင်ငံရှိ မြို့ကြီးများအလိုက် ငလျင်ဘေးအန္တရာယ် ခံရနိုင်ခြေပြမြေပုံရေးဆွဲရန် စီမံဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းပြတ်ရွေ့ကြောမှ မန္တလေးမြို့အား ဦးစား ပေးဆောင်ရွက်သွားရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။


    'ငလျင်ကော်မတီနဲ့ ADPC တို့ ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့မြို့ကြီးတွေကို ငလျင်ဘေးအန္တရာယ် ခံရနိုင်ခြေပြမြေပုံ ရေးဆွဲသွားဖို့ စီစဉ်ထားပါတယ်။ ပထမဦးစားပေး အနေနဲ့ကတော့ မန္တလေးမြို့ကို ရွေးချယ်ထားပါတယ်။ အစီအစဉ်က ရေးဆွဲထားတုန်းပါပဲ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြထား ပြီးပါပြီ။ ခွင့်ပြုတာနဲ့ ဒီအစီအစဉ်ကို စတင်တော့မှာဖြစ်ပါတယ်' ဟု မြေငလျင် ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။


    မန္တလေးမြို့ဝန်းကျင်ရှိ မြေသားကြံ့ခိုင်မှုသည် ရန်ကုန်မြို့ဝန်းကျင်ထက် ငလျင်ဒဏ်ခံနိုင်အားနည်းပါးကြောင်းနှင့် စစ်ကိုင်းပြတ်ရွေ့၏အနီးကပ်ဆုံးတွင် ရှိနေသောကြောင့် ငလျင်နှင့်ပတ်သက်ပြီး စောင့်ကြည့်မှုများပြု လုပ်ရန်လိုအပ်နေကြောင်း ငလျင်ဆိုင်ရာပညာရှင်များထံမှ သိရှိရသည်။


    နေရာဒေသအလိုက် အပေါ်ယံ မြေသား၏အထူ၊ မြေသားအပျော့ အမာ(ခံနိုင်အား Bearing Capacity) မြေအောက်ရေ၏ အနေအထားတို့ကို ရှာဖွေလေ့လာ၍ ပြည့်စုံသောငလျင် ဘေးအန္တရာယ်ပြ မြေပုံပြုစုရေးဆွဲထား ရန်လိုအပ်ပြီးမန္တလေးမြို့တွင် ငလျင်ဒဏ်ခံနိုင်သည့် အထပ်မြင့်အဆောက်အအုံကြီးများ ဆောက်လုပ်ရန်အတွက် သင့်လျော်သောမြေနေရာနှင့် ပုံစံတည်ဆောက်ရေးစည်းမျဉ်းတို့ကို ရေးဆွဲပြဋ္ဌာန်းနိုင်မည်ဟု သုံးသပ်ကြသည်။


    ရန်ကုန်၏ ငလျင်ပြင်းထန်အားသည် မာကယ်လီစကေးအတန်းရှစ်ဖြစ်ပြီး မန္တလေး၏ငလျင်ပြင်းထန်အားမှာ မာကယ်လီစကေးအတန်းအစားမှာ ကိုး ဖြစ်ကြောင်းလည်း သိရှိရသည်။       

မန္တလေးတိုင်းအတွင်း ဖြစ်ပွားခဲ့သော ငလျင်ဖြစ်စဉ်အချို့

၁။ 
၁၉၇၅ ဇူလိုင် ၈ ရက်    ပုဂံငလျင်    ၆ .၈ ရစ်ခ်ျတာစကေး     
(ပုဂံညောင်ဦးတွင်ရှေးဟောင်းဘုရားအများအပြားပျက်စီး)
၂။၁၉၈၉ မတ်လ ၁ ရက်    မန္တလေး    ၅ .၄ ရစ်ခ်ျတာစကေး
(ပလိပ်ချည်မျှင်စက်တွင်ဘွိုင်လာအိုးပျက်စီး)
၃။
၂၀၀၃ စက်တင်ဘာ ၂၂ ရက်    တောင်တွင်းကြီး    ၆ .၆ ရစ်ခ်ျတာစကေး    
(ဘုရားအချို့နှင့် အဆောက်အဦအချို့ပျက်စီး)


  
    
  
           

 

Comments 

 
+4 #5 specialoneakm 2010-07-27 11:40
ဈေးချိုက အထပ်မြင့်ကြီးပေါ်တတ်ရမှာတောင် ကြောက်လာပြီ ကန်ထရိုက်တွေက စိတ်ချရလို့ ဟဲဟဲ
 
 
-35 #4 Naing Min Thwin 2010-07-26 20:14
မနလေးတင်မဟုတ်ပါ ဘူး။ ကံကောင်းသော၊ တရားမျှတသော မြန်မာပြည်ကြီးအ ဖြစ်သို့ ရောက်ရပါလို၏။ ဘာဆိုင်လဲ ????? [ ၆။ သတင်းမှတ်ချက်မဟုတ်ဘဲ လှုံ့ဆော်သော အရေးအသားများ ရေးသားခွင့်မပြု ပါ။ ] ဆိုတာ ခင်ဗျားမတွေ့ဘူး လား။ သတင်းနဲ့ ဘာမှ ဆက်စပ်ဆီလျော်မှု မရှိတဲ့ မှတ်ချက်တွေ ကြည့်ရတာ မျက်စိစူးတယ်...။ ခင်ဗျား ဆိုက်ကိုထည့်ချင်ရင်၊ လှုံ့ဆော်မှုဆန်တဲ့  ကွန်မန့်တွေ ဖောဖောသီသီရေးချ င်တယ်ဆိုရင် ဒေါ်လာစားနိုင်ငံ ရေးဘလော့ဂ်တွေမှာ သွားရေးဗျာ... စာဖတ်ရတာ မျက်စိနောက်တယ်။ ဟုတ်ပြီလား !
 
 
+2 #3 twang 2010-07-26 19:46
အိမ်ဆောက်မည့်သူ များငလျင်ဒဏ်ခံနိုင်အောင်ဆောက်ြ ကပါ အထူးသဖြင့်ကန်ထရိုက်တိုက်တွေပေါ့  တို့ကတော့အိမ်သစ်ဆောက်ဖို့မတတ်နိုင်သေးလို့အမြဲ ဘုရားတနေရတယ်
 
 
+6 #2 khinmgu 2010-07-25 22:06
မနလေးတင်မဟုတ်ပါ ဘူး။ ကံကောင်းသော၊ တရားမျှတသော မြန်မာပြည်ကြီးအ ဖြစ်သို့ ရောက်ရပါလို၏။
 
 
+1 #1 BuBuZilar 2010-07-25 20:50
Fri,

Have u read that Mandalay is the first priority, next will be...?