မန္တလေး နှင့် နယ်သတင်းများ
- ဘော်ကြိုဒေသတွင် ကုန်းတွင်းဆား ထွက်ရှိမှု ကောင်းသော်လည်း ဈေးကွက်ရရှိရန် နည်းပညာများ လိုအပ်နေ
- ၀ါတွင်းကာလတွင် မန္တလေးတိုင်းဒေသကြီး ငါးမြို့နယ်ရှိ ၀ါဆိုသံဃာ ၃၆၀၀၀ ကျော်၏ ဆွမ်းကွမ်းကိစ္စအတွက် ဘုံဆွမ်းလောင်း အသင်းများ၏ အခန်းကဏ္ဍမှာ အရေးပါလျက်ရှိ
- အမှတ် ၅၅ မန္တလေး-မြစ်ကြီးနား အဆန်ရထား လမ်းချော်မှု ဖြစ်ပွား သောကြောင့် အဆိုပါလမ်းပိုင်း ခရီးစဉ်များ ခေတ္တရပ်နားလိုက်ရ
- ၂၀၁၁ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ၀င်ခွင့်စတင် လျှောက်ထားရမည်
- အင်းလေးဒေသ အတွင်း တရားမ၀င်နည်းဖြင့် ငါးဖမ်းသူများအား အရေးယူ ဆောင်ရွက်
- မြစ်ရေကြီးမှု တတိယကာလ စက်တင်ဘာလ ပထမအပတ် အတွင်း သံလွင်မြစ်ပြင် ဧရိယာ ကျယ်ပြန့်မှု ရှိလာခြင်းနှင့်အတူ မြစ်ကမ်းတစ်လျောက် မြေနုကျွန်းသောင် တချို့ပြိုဆင်းမှုများ ဖြစ်ပေါ်
- တောင်ကြီးမြို့တွင် မော်တော်ယာဉ် လိုင်းသစ်များ တိုးချဲ့
- မြ၀တီမြို့တွင် အိမ်ခြံမြေဈေး မြင့်တက်နေပြီး တန်းလျားဆောက်၍ အခန်းငှားရမ်းသည့် လုပ်ငန်းများလည်း တွင်ကျယ်
- ၀ဥခြောက်များ ပြည်ပတင်ပို့မှု တွင်ကျယ်လျက်ရှိကာ ဈေးကောင်းရလာ
- (၃၉)ကြိမ်မြောက် တအာင်း(ပလောင်) စာပေနေ့ အထိမ်းအမှတ် အခမ်းအနား လားရှိုးမြို့ ခေးနင်းကျေးရွာတွင် ကျင်းပ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| မိုးရာသီကာလအတွင်းတွင် ကလေးမြို့-ဂန့်ဂေါ-မုံရွာ-မန္တလေးလမ်းမှ သွားသော ကားလိုင်းများ တောင်ကျချောင်းရေကို စောင့်ဆိုင်းပြီးမှ သွားလာကြရ |
|
|
|
|
ယခင်နှစ်များက ကားလိုင်းအားလုံး ကလေး-ဂန့်ဂေါ-မုံရွာ-မန္တလေးလမ်းမှ သွားကြသော်လည်း ယခုနှစ်များတွင် ယာကြီးလမ်းမှ သွားလာဆဲဖြစ်သည်ဟု သိရပါသည်။ ''ကျွန်တော်တို့က ယာကြီးလမ်းက သွားနေပါသေးတယ်။ ဒါပေမယ့် မိုးကလိုက်လာပြီဆိုတော့ မိုးများလာရင် ဂန့်ဂေါလမ်းဖက်က သွားရပါလိမ့်မယ်။ အရင်နှစ်တုန်းကတော့ မိုးတွင်းကာလကို အဲဒီလမ်းကနေ သွားကြပါတယ်''ဟု ဗင်ကားလိုင်းမှ ပြောကြားခဲ့ပါသည်။ ကလေးမြို့နယ်အတွင်းတွင်လည်း ဇူလိုင်လ ဒုတိယအပတ်မှ စတင်၍ မိုးများ ပုံမှန်ရွာသွန်းခဲ့သည်ဟု သိရှိရသည်။ "ဇူလိုင်လအထဲမှာ ကျွန်တော်တို့ကားတွေ ချောင်းရေတွေ စောင့်နေရလို့ ပုံမှန်ဝင်ချိန်အတိုင်း မ၀င်နိုင်ကြဘူး။ မိုးမရွာဘူးဆိုရင်တော့ မှန်လုံကားလိုင်းအားလုံးဟာ နေ့လည်ပိုင်းလောက်ဆို ကလေးမြို့ကို ရောက်တယ်။ ချောင်းရေစောင့်ရတယ် ဆိုရင်တော့ တစ်နာရီနှစ်နာရီကနေ တစ်ခါတလေ နေ့တစ်ဝက်လောက်အထိ ကြာသွားတတ်ပါတယ်။ ချောင်းရေအပေါ် မူတည်တာပဲ"ဟု ကားသမားတစ်ဦးမှ ပြောပါသည်။ |




