မန္တလေး နှင့် နယ်သတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


နေပြည်တော်ခရိုင်အတွင်းရှိ မိုးကောင်းသောက် လယ်မြေများမှအပ ဆည်ရေသောက်လယ်များ မိုးစပါး စတင်စိုက်ပျိုး PDF Print E-mail

Field

        နေပြည်တော်ခရိုင်အတွင်းရှိ မိုးကောင်းသောက်လယ်မြေများမှအပ ဆည်ရေသောက်လယ်များ မိုးစပါး စတင် စိုက်ပျိုးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

        မိုးလယ်ကာလ ရောက်ရှိလာပြီ ဖြစ်သော်လည်း မိုးရွာသွန်းမှုမှာ နည်းပါးနေသည့်အတွက် ကုန်းကျသည့် လယ်မြေများ၊ ဆည်ရေနှင့်ဝေးသည့် လယ်မြေများသည် စပါးစိုက်ပျိုးမှုများကို စတင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

        "ကျွန်တော်တို့ လယ်မြေတွေက မိုးကောင်းသောက်လယ်မြေတွေ ဖြစ်တဲ့အတွက် မိုးရွာသွန်းမှုကိုပဲ အဓိက အားထားနေရတယ်။ဒီနှစ်က ၀ါထပ်တဲ့အတွက် မိုးစပါးမတိုင်ခင်မှာ နှမ်းတို့ ပဲတီစိမ်းတို့ စိုက်ပျိုးထားတယ်။ အဲဒီသီးနှံတွေက ဒုတိယ ၀ါဆိုလကုန်ရင်တော့ သီးနှံတွေ သိမ်းရတော့မယ်။ အဲဒီသီးနှံတွေ သိမ်းပြီးတဲ့အချိန် ရေရပြီဆိုရင်တော့ စပါးအတွက် အချိန်ကိုက် စိုက်ပျိုးနိုင်မှာပါ"ဟု နေ ပြည်တော်လယ်ဝေးမြို့နယ်အတွင်းရှိ တောင်သူတစ်ဦးက ဆိုပါသည်။

        မိုးစပါးစိုက်ပျိုးရန်အတွက် စောစီးစွာ ပျိုးထောင်ထားသည့် စပါးပင်များမှာ လသားအရွယ်ခန့်ပင် ရှိလာပြီဖြစ်ရာ ပျိုးထောင်သက်တစ်လခွဲခန့်တွင် စိုက်ပျိုးနိုင်မှသာ အဆင်ပြေကြောင်း သိရပါသည်။

        မြစ်၊ ချောင်း၊ ရိုးနှင့် အင်းအိုင်များအနီးရှိ တောင်သူများသည် မိုးစပါးကိုရေတင်၍ စိုက်ပျိုးနေကြပြီး ရေရယူရန်ဝေးသည့် လယ်မြေများ စိုက်ပျိုးရန်အတွက် အနီးအနားရှိ ရိုးများကို ယာယီပိတ်၍ မိုးစပါးစိုက်ပျိုးရန်အတွက် ရေရယူဖို့ ဆောင်ရွက်ရန် ပြင်ဆင်နေကြကြောင်း သိရပါသည်။