ပြည်တွင်းသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


အမျိုးသားအချို့ အလှအပအတွက် ပိုမိုဂရုစိုက် လာသည်နှင့်အမျှ အမျိုးသားသုံးအလှကုန် ပစ္စည်းမျိုးစုံလည်း ဈေးကွက်အတွင်း ပိုမိုများပြားလာ PDF Print E-mail
 
 အမျိုးသားတစ်ဦးအား မျက်ခုံးမွှေးစိုက်ပေးနေစဉ်

   အမျိုးသားအချို့ အလှအပအတွက် ပိုမိုဂရုစိုက်လာသည်နှင့်အမျှ အမျိုးသားသုံး အလှကုန်ပစ္စည်းမျိုးစုံလည်း ဈေးကွက်အတွင်း ပိုမိုများပြားလာကြောင်း သိရသည်။

 
    'ကျွန်မတို့အလှကုန်တံဆိပ်မှာ အမျိုးသားတွေအတွက်သုံးမျိုးရှိတယ်။ တစ်မျိုးချင်းစီမှာ Toner ၊ နို့ရည်နဲ့ မျက်နှာသစ်ဆိုပြီးရှိတယ်။ အများစု အသုံးများတာကတော့ မျက်နှာမှာ ၀က်ခြံတွေ အများကြီးရှိတဲ့သူတွေ၊ အဆီအရမ်းပြန်တဲ့သူတွေ သုံးတဲ့ တံဆိပ်တွေက အများဆုံး ရောင်းရပါတယ်။ သုံးတဲ့သူအများစုက အသက် ၁၈ နှစ်ကနေ ၃၀ အရွယ်တွေများတယ်'ဟုကိုရီးယားအလှကုန်တစ်မျိုး ဖြစ်သည့် The Face Shop မှတာဝန် ရှိသူတစ်ဦးက ရှင်းပြပါသည်။


      အမျိုးသားသုံးအလှကုန်ပစ္စည်း များအဖြစ် ယခင်က မျက်နှာသစ် ဆပ်ပြာ၊ အသားလှခရင်မ်စသည်တို့ သာဈေးကွက်တွင်းရှိခဲ့ကြောင်း သိ ရသည်။ ယခုနှစ်များအတွင်းတွင်မူ အမျိုးသားသုံးအလှကုန်ပစ္စည်းများ တွင် အမျိုးအစားများစုံလင်လာပြီး အသားအရေ အမျိုးအစားအလိုက် ရွေးချယ်သုံးစွဲနိုင်သည့် အလှကုန် ပစ္စည်းများပိုမိုများပြားလာကြောင်း သိရသည်။


     ယင်းအလှကုန်ပစ္စည်းများတွင် မျက်နှာသစ်ဆပ်ပြာမှအစ Toner ၊ နို့ရည်စသည်ဖြင့် စီးရီးလိုက်အသုံးပြုနိုင်သည့် နာမည်ရှိအလှကုန်ပစ္စည်းများလည်း များပြားလာကြောင်း သိရသည်။


     ထို့ပြင် အချို့သောအလှကုန် ပစ္စည်းများကို အသားအရေထိန်းသိမ်းမှုအဖြစ် သုံးစွဲခြင်းများလည်းရှိကြောင်း သိရသည်။ ထိုသို့အသား အရေထိန်းသိမ်းမှုအဖြစ် အသုံးပြု သောအလှကုန်ပစ္စည်းများတွင်မျက်နှာ ပေါင်းတင်သည့် ခရင်မ်နှင့် Mask များပါဝင်လာကြောင်း သိရသည်။  


     'ကျွန်မတို့ဆီကအလှကုန်တွေ က အမျိုးသား၊ အမျိုးသမီးဘယ်သူ မဆိုသုံးလို့ရတာမျိုးတွေချည်းပါပဲ။ ဒီတော့ အမျိုးသမီးတွေတင်မကပဲ အမျိုးသားတွေပါ သုံးကြပါတယ်။ ဥပမာ နှုတ်ခမ်းနီတောင့်ဆိုရင် အမျိုးသမီးတွေက နှုတ်ခမ်းသားတွေ နူးညံ့ ပြီး ပန်းရောင်သွေးရှိအောင် သုံးကြတယ်။ အဲဒီ နှုတ်ခမ်းနီတောင့်ကိုပဲ ဆေးလိပ်အသောက်များတဲ့ အမျိုးသားတွေနဲ့ ကွမ်းစားများတဲ့အမျိုးသားတွေ က သူတို့နှုတ်ခမ်းအရောင် မည်းညစ်လာတာ၊ ညိုလာတာတွေ ပျောက်အောင်သုံးကြတယ်။ အခုဆို အဲဒီ နှုတ်ခမ်းနီက အမျိုးသားတွေတောင် ပိုပြီးအသုံးများပါတယ်'ဟု Healthy Shop  မှ တာဝန်ရှိသူတစ်ဦးကရှင်းပြ ပါသည်။


     'ဒီနေ့ခေတ်မှမဟုတ်ပါဘူး ဟိုးအရင်ခေတ်တွေကတည်းက ရုပ်ရည် ချောမောတဲ့အမျိုးသား၊ ခန့်ညားတဲ့ အမျိုးသားဆိုပြီး ဂုဏ်ယူခဲ့တာတွေ လူရာပိုဝင်ခဲ့တာတွေ ရှိတာပါပဲ။ ရုပ်ဝတ္ထုတွေ တိုးတက်လာပြီး ရုပ်ပိုင်း ဆိုင်ရာကို ပိုအလေးထားလာတဲ့ ဒီနေ့ခေတ်မှာလည်း အမျိုးသားတွေ အလှအပအတွက် ဂရုစိုက်လာကြတာ ဖြစ်သင့်ပါတယ်။ လိုတာထက် ပိုရင်သာ မကောင်းတာပါ။ ဒီနေ့ခေတ်မှာဆို အလုပ်ခေါ်စာ အတော်များများမှာ တောင်မှ ရုပ်ရည်သန့်ပြန့်ရမည် ဆိုတာမျိုး ပါလာတာပဲလေ'ဟု အသက် ၂၅ နှစ်အရွယ်ရှိ ကုမ္ပဏီဝန်ထမ်း အမျိုးသားတစ်ဦးက ဆိုပါသည်။

 

Comments 

 
0 #6 kaungmyatluu 2010-07-30 19:22
:eek: :-* :sad: :-? :-) ;-) :D :lol: :P :roll: :zzz
 
 
+9 #5 winmoscow 2010-07-29 23:06
နောက်ထပ်သီချင်း တစ်ပုဒ်ထပ်ပေါ်လာ နိုင်တယ်နော်...
" ယဉ်တစ်ကိုယ်မောင် " လေ...
 
 
+8 #4 xman 2010-07-29 20:53
လုံးရာကပြားကြတော့မှာလား----?----?
 
 
+10 #3 moechanmyayoo 2010-07-29 15:39
ယောကျာင်္တန်ပဲစွတ်ပြင် စွတ်လှ
ပြီးတော့ အခြောက်စိတ်တွေေ ပါက်
နောက်တော့ ယောကျာင်္ချင်း.....။
အင်း........
 
 
+19 #2 ဘထွန်း 2010-07-29 14:18
အသားမရှိ နံရိုးအပြိုင်ြး ပိုင်းနဲ့ ရင်ဘတ်ပေါ်က ဂျီးတွေကျွတ်အော င် အရင်လုပ်သင့်ပါတ ယ် ယောက်ျား ဘသားတို့ရေ ... :D
 
 
+20 #1 specialoneakm 2010-07-29 11:42
Healthy Shop မှာနှုတ်ခမ်းနီ ၀ယ်တဲ့ အမျိုးသားတွေတော်တော်များလား
တောင်ပြုန်းပွဲနီးလာလို့ထင်တယ် လိုအပ်တာထက်ပြို ပင်နေရင်တော့ ဘုန်းကညာတစ်ပါး........